(သက်နောင်-အင်းတော်)
စစ်ကိုင်းတိုင်းဒေသကြီး
၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်နှင့် ၀န်းသိုမြို့နယ် နှစ်မြို့နယ် ဆက်စပ်လျက်ရှိ
သော မဲဇာနှင့်ဘုံချောင်းကြားရှိ မီးရထားလမ်းမိုင်တိုင်အမှတ် ၅၇၀/၁၉ ရှိ
အင်းတော်မြို့နယ် ၊ နတ်ရေတွင်း ကျေးရွာအုပ်စု ၊ သဲချောင်းကျေးရွာတွင် ၂၅-၁၀-၂၀၁၃
ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ နံနက် ၁၁ နာရီအချိန် အထိ မီးရထားရပ်နားစခန်းဘူတာ
ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
…….
အခုလို သဲချောင်းကျေးရွာက ဒေသခံတွေအတွက် သွားရေးလာရေးလွယ်ကူအောင် ရပ်နားစခန်း ဘူတာ
ဖွင့်လှစ်လိုက်တာကတော့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကဆိုရင်
ဒီကျေးရွာလေးဟာ သွားရေးလာရေးမှာလည်း အတော်လေးခက်ခဲတဲ့နေရာတွေဖြစ်တယ်။
နောက်ပြီးတော့ အင်းတော်မြို့သို့ ခရီးသွားလာတဲ့အခါမှာလည်း ချောင်းကတစ်တန် ၊
မဲဇာမြစ်ကတစ်တန် ခြားထားတော့ သွားရေးလာရေးက ခက်ခဲ မှုတွေ အတော်လေးရှိပါတယ်။
ဒီလိုရှိတဲ့အချိန်မှာ အခုလို ရပ်နားစခန်းဘူတာလေး ဖွင့်လှစ်လိုက်တာကိုတော့
ကျွန်တော်တို့ မြို့နယ်က လူကြီးတွေအနေနဲ့လည်း အားရကျေနပ်မိပါတယ်…… ဟု
အင်းတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံရွှင်က ပြောပြခဲ့သည်။
အဆိုပါ
မီးရထား ရပ်စခန်းဘူတာဖွင့်ပွဲသို့ အင်းတော်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်
ဦးကျော်နိုင်ဌေး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံရွှင်နှင့်
မြို့နယ်ဌာနဆိုင်ရာ အရာရှိများ ဒေသခံ ပြည်သူများ စုစုပေါင်း ပြည်သူလူထုအင်အား
(၆၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
……
အခုပြေးဆွဲနေတဲ့ မန္တလေး-နဘား ခေါက်ပြန်ရထား ဖြစ်တဲ့ ၄၇-၄၈ ရထားတစ်စင်းကတော့
သဲချောင်း ရပ်စခန်းဘူတာမှာ နေ့စဉ်ရပ်တန့်သွားမှာဖြစ်ပါတယ်။ စပြီးမှ ရပ်တဲ့ရက်ကတော့
အခုအောက်တိုဘာလ
၂၅ ရက်နေ့က စရပ်တာပဲဖြစ်ပါတယ်။ အခုလို
ရထားလဲရပ်ပြီဆိုတော့ ဒေသခံတွေအတွက် တစ်စိတ်တစ်ဒေသတော့ ပျော်ရွှင်မှုရလာဒ်အစလို့
ဆိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရပ်စခန်းဘူတာမှာ အမှတ် ၄၁ အဆန် နဲ့ အမှတ် ၄၂
အစုန် ဒုတိယအမြန် ရထားကတော့ လောလော ဆယ်တော့ မရပ်သေးပါဘူး။ နောင်ကို
အဆောက်အဦးတွေပြီးရင်တော့ သက်ဆိုင်ရာ အကြီးအကဲတွေက စီစဉ် ဆောင်ရွက်သွားမယ်လို့
ထင်ပါတယ် ….. ဟု အင်းတော်မြို့နယ် သဲချောင်းကျေးရွာရှိ ဒေသခံတစ်ဦးက ပြောပြ
ခဲ့သည်။
ယင်းရပ်စခန်းဘူတာဖွင့်ပွဲတွင်
အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးနှင့်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံရွှင်တို့က အသီးသီးအမှာစကားများ
ပြောကြားခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment