Saturday, October 19, 2013

အင်းတော်မြို့နယ်၌ တံမလန်းသစ်များ ဖမ်းဆီးရမိ

(ကိုမင်း-အင်းတော်)
          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်၌ တံမလန်းသစ် ဓားရွေ (၈.၂၁၃၀)တန် ဖမ်းဆီး ရမိကြောင်း သိရသည်။ (ပုံ)
          ဖြစ်စဉ်မှာ အောက်တိုဘာ (၁၄)ရက်နေ့ (၀၂၄၅)အချိန် တွင် ကသာခရိုင် ၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းထွဋ် ဦးဆောင်သော တောအုပ်ကြီး ဦးစောဝင်းတင် (အင်းတော်) ၊ တောအုပ် ဦးအုန်းကိုကိုဝင်း (ခရိုင်) ၊ ဦးဂမ်အောင်ခါး (အင်းတော်) ၊ ဦးမျိုးမင်းမင်းထွန်း (အင်းတော်) ၊ တောခေါင်း များ ဦးဆန်းဝင်း (အင်းတော်) ၊ ဦးတင်မောင်အုန်း (ခရိုင် ) ၊ ဦးမျိုးမင်းဦး (ခရိုင်) ၊ ဦးအောင်မြင့်ဦး (အင်းတော်) တို့ အဖွဲ့သည် အင်းတော်မြို့နယ် အင်းတော်-ဗန်းမောက်ကားလမ်းနှင့် မင်းကုန်းလမ်းဆုံ ခန့်မှန်း မပည SG 609123 ၌ စောင်းဆိုင်းနေစဉ် ယာဉ်မောင်း ဦးစိုင်းလုံ (အင်းရွာ) ၊ မောင်းနှင်လာသော Nissan ဆယ်ဘီးယာဉ်အမှတ် - ဘ/၄၆၅၈ နှင့် ယာဉ်မောင်း ဇော်ထွန်း (အင်းရွာ)မောင်းနှင်လာသော Dong-Feng (၆)ဘီးကားယာဉ်အမှတ်- ၂ဂ/၁၇၄၅ (၂)စီးတို့အား ရပ်တန့်စစ်ဆေးရာ ဦးစိုင်းလုံ မောင်းနှင်လာသော ကားပေါ်မှ တံမလန်းသစ် ဓားရွေ (၇၄)တုံး ၊ (၆.၂၆၆)တန်နှင့် ဦးဇော်ထွန်းကားပေါ်မှ တံမလန်းသစ် ဓားရွေ (၄၃)တုံး ၉၂.၉၄၇၀)တန် ရှာဖွေ တွေ့ရှိရသည်။ ထို့ကြောင့် ယာဉ်မောင်းနှစ်ဦးနှင့် သစ်ပိုင်ရှင်များဖြစ်ကြသော ဦးတင်ထွန်း (အင်းရွာ) ၊ ဦးဝင်းနိုင် (အင်းရွာ) ၊ ဦးထူးချွန် (အင်းရွာ)တို့အား သစ်တောဥပဒေပုဒ်မ ၊ ၄၂(ခ)ဖြင့် အရေးယူဆောင်ရွက်ထား ကြောင်းသိရှိရသည်။



No comments:

Post a Comment