ဤသတင်းနှင့်ပတ်သက်၍
အနည်းငယ်တင်ပြလိုပါသည်။ ၅၀၀ ကျပ်လောက်ပိုကောက်တာနဲ့
သတင်းတင်ရမလားဆိုပြီး
ကျွဲမြီးတိုကောင်းတိုနိုင်ပါသည်။ ၅၀၀ ထက်မက အခြားဌာနများ တောင်းတာတွေ
ရှိပါသည်။ ဒါတော့ ဘာလို့
မတင်သလဲဆိုတဲ့ မေးခွန်းလဲ ရှိနေပါသည်။ ဥပမာ အရံမီးသတ်အတွက် ပေးသည့် ဆင်းကဒ်ကို
သန္ဓေ မီးသတ်မှ ထုတ်ယူပြီး ရောင်းစားသည့်ကိစ္စများကိုတော့ သတင်းပေးသူမရှိသည့်အတွက်
မတင်ဖြစ်ပါ။ လောလောဆယ် သတင်းပေးသူက
ဤ သတင်းအတွက် တာဝန်ခံ ၊
တာဝန်ယူမှုရှိသူဖြစ်သည့်အတွက် တင်ရခြင်းဖြစ်ပါသည်။ ယခုလို
သတင်းပေးသူမှ တာဝန်ယူမှုရှိပါက
တင်ပေးရမည့် တာဝန်မှာ ကျွန်တော်တို့ အင်းတော်သတင်း ၏
တာဝန်ပင်။ သက်ဆိုင်ရာဌာနမှလည်း ယခု
၅၀၀ ကျပ် ပိုကောက်သည့်အခြေအနေကို ပြန်လည်
ရှင်းလင်းလိုပါက inndaw27 သို့
ပြန်လည်ရှင်းလင်းသတင်းပေးပို့နိုင်ပါသည်။ အင်းတော်သတင်းမှာ
တစ်ဖက်သတ်မဟုတ်ကြောင်း သိစေလိုပါသည်။
အောက်တွင်သတင်းကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ပြည်သူ့အတွက် ဒါတွေရှင်းပေးပါ။
(မောင်သုည)
စစ်ကိုင်းတိုင်းဒေသကြီး ၊
ကသာခရိုင် ၊ အင်းတော်မြို့နယ်အတွင်း တန်ဘိုးနည်း (၁၅၀၀) ကျပ်တန် ဖုန်းကဒ်များအား
မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ
ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ မျှတစွာ ခွဲဝေပေးခဲ့ပါသည်။
ရပ်ကွက်နှင့်ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးများမှ မိမိဒေသအတွင်း မဲစနစ်ဖြင့် ပြည်သူများအား တန်ဘိုးနည်း
ဖုန်းကဒ်အား (၁၅၀၀)ကျပ်ဖြင့်
ထုတ်ယူခိုင်းရာတွင် အင်းတော်မြို့ ဆက်သွယ်ရေးမှ ဖုန်းကဒ်တစ်ကဒ်လျှင်
၂၀၀၀-ကျပ်ကောက်ယူနေခြင်းသည် နိုင်ငံတော်မှ
သတ်မှတ်ခြင်းလား (သို့မဟုတ်) မြို့နယ်ဆက်သွယ်ရေး၏
အစီအစဉ်အရ ကောက်ယူနေသည်လား ။
ဒါတွေကို ပြည်သူသိရှိနိုင်ရန်အတွက်
ရှင်းလင်းပေးပါ။

