Friday, October 25, 2013

အင်းတော်မြို့ အ-ထ-က ကျောင်းသား/သူဟောင်းများ၏ အာစရိယ ပူဇော်ပွဲ ဒီဇင်ဘာ (၂၇) ရက် သတ်မှတ်

(ပေါင်ရှည်)
အင်းတော်မြို့ ၊ အ-ထ-က ကျောင်းသား/ကျောင်းသူ ဟောင်းများ၏ အာစရိယပူဇော်ပွဲကို တတိယအကြိမ် ကြိုတင်ညှိုနှိုင်းအစည်းအဝေးပွဲ ပြုလုပ်သည့် (၁၂-၁၀-၂၀၁၃) ရက်နေ့တွင် အာစရိယပူဇော်ပွဲနေ့အား ဒီဇင်ဘာ (၂၇) ရက်နေ့ကို
သတ်မှတ်လိုက်ကြကြောင်းသိရသည်။
အစည်းအဝေးတွင် ကျောင်းသားဟောင်းတစ်ဦး ဦးဆောင်သူဖြစ်သည့် ဦးအောင်သူအား မေးမြန်းရာတွင်
…… ဒီအစည်းအဝေးမှာ ကြိုတင်စီစဉ်ရမယ့်အရာတွေအားလုံးကို စိတ်ဝင်စားတဲ့ ကျောင်းသား/သူတွေ နဲ့ တွေ့ဆုံပြီး
ဆွေးနွေးကြတာပါ။ အခုတော့ အာစရိယပူဇော်ပွဲအတွက် အလုပ်တွေကို စတင်လုပ်ရမယ့်အချိန်ရောက် သွားပါပြီ။ဒီအစည်းအဝေးကပဲ ဒီဇင်ဘာာ (၂၇)ရက်ကို အာစရိယပူဇော်ပွဲနေ့အဖြစ် တစ်ညီတစ်ညွတ် သတ်မှတ်လိုက်ကြပါပြီ။
ပညာသင်နှစ်အလိုက် အလှူငွေ ကောက်ခံမယ့်သူတွေကိုလည်း သတ်မှတ်လိုက်ပြီဆိုတော့ အလှူငွေတွေကိုလည်းစတင်လက်ခံပါပြီခင်ဗျာ။ နောက်တစ်ချက်က ဗွီနိုင်း ကြော်ငြာတွေကို စတင်ကပ်တော့မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ အဝေးရောက်နေတဲ့ ကျောင်းသားတွေလည်း ဆက်သွယ်လို့ရအောင် သတင်းစာထဲ ထည့်တဲ့အခါမှာ ဖုန်းနံပါတ်
တွေလည်း ထည့်သွင်းမှာပါ ….. ဟု ဦးအောင်သူမှ ပြောကြားသွားခဲ့သည်။
အာစရိယပူဇော်ပွဲအား ယခုနှစ်ကျင်းပရာတွင် ထူးခြားမှုအဖြစ် နှစ်အလိုက်ကန့်သတ်ထားမှုမရှိပဲ ကျောင်းသား/သူ ဟောင်းများမည်သူမဆို တက်ရောက်နိုင်ပြီး ကျောင်းသား/သူ ဟောင်းမှန်သမျှလည်း စည်းလုံးညီညွတ်စွာ
ပါဝင်ကူညီလုပ်ဆောင်နိုင်ကြောင်းကိုလည်း ဦးဆောင်သူ ကျောင်းသား ဟောင်း ဦးနီတိုး မှ ထပ်မံပြောကြားခဲ့သည်။စိတ်ပါဝင်စားစွာဖြင့် အစည်းအဝေးတွင်တက်ရောက်ခဲ့ကြသော ကျောင်းသား/သူ ဟောင်း (၅၀)ခန့်အား
မိမိတို့ကဏ္ဍအလိုက် လုပ်ဆောင်ကြရမည့် တာဝန်များကိုလည်း စနစ်တကျခွဲဝေပြီး လုပ်ဆောင်နိုင်ရန်အတွက်ကော်မတီအဖွဲ့များကို ဖွဲ့စည်းပြီးဖြစ်သည့်အလျောက် လုပ်နိုင်သူများအားလုံး ကော်မတီတွင် ပါဝင်သည်ဖြစ်စေ ၊ မပါဝင်သည်ဖြစ်စေ အာစရိယပူဇော်ပွဲတွင် ပါဝင် ပူးပေါင်းလုပ်ဆောင်ကြရန်  လိုအပ်ကြောင်းကိုလည်း
ဦးအောင်သူမှ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းကိုလည်း သတင်းရရှိသည်။

No comments:

Post a Comment