(ကိုမင်း-အင်းတော်)
စစ်ကိုင်းတိုင်းဒေသကြီး
၊ ကသာခရိုင် ၊ ကသာအကျဉ်းထောင်၌ ထောင်ဝင်စာလာတွေ့သူ အမျိုးသမီးထံမှ
ဘိန်းမဲအထုပ်ငယ်များ တွေ့ရှိသိမ်းဆည်းရမိ၍ ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
အမှုမှာ
- အောက်တိုဘာ (၁၅)ရက်နေ့ (၀၉၀၀)အချိန်က ကသာမြို့အကျဉ်းထောင်သို့ မသင်္ကာဖွယ်
အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း ကသာအကျဉ်းထောင်မှ အကြောင်းကြားချက်အရ
ကသာရဲစခန်း ဒုရဲအုပ် ဌေးဝင်းနှင့်အဖွဲ့မှ အကျဉ်းဦးစီးဌာန ၀န်ထမ်းများ ၊
သက်သေများနှင့်အတူ ထိုအမျိုးသမီးအား စစ်မေးရာ မဖြူဖြူဝင်းဖြစ်ပြီး ၎င်းမှာ
ခင်ပွန်းဖြစ်သူ ကောလင်းရဲစခန်း မယ(ပ) ၂၅/၁၃ ၊ မူးစိတ် ၁၅/၁၆(ဂ) အမှုဖြင့် ထောင်ဒဏ်
(၇)နှစ် ကျခံနေသော မောင်ထွေး (ခ) မောင်အိုက်အား ထောင်ဝင်စာ လာရောက်တွေ့ဆုံစဉ် ၎င်းယူ
ဆောင်လာသည့် ငါးပိကြော်ဘူးအား ရှာဖွေရာ ဘူးတွင်းမှ ပလတ်စတစ်အဖြူဖြင့် ထုပ်လျက် ဘိန်းမဲဟု
ယူဆရသော အထုပ်ငယ် (၁၅) ထုပ် စုစုပေါင်း အလေးချိန် (၉.၄၆)ဂရမ် တန်ဘိုး ၊ (
၂၈၃၈၀ိ/-)နှင့် အစိမ်းရောင် ပလတ်စတစ်ဘူး တစ်ဘူးတို့ကို တွေ့ရှိသိမ်းဆည်းရမိ၍
ဖမ်းဆီးအရေးယူမှုဖြစ်သည်။
တရားခံမဖြူဖြူဝင်း
(၂၉)နှစ် ၊ (ဘ) ဦးဝင်းရွှေ ၊ တောင်သူ ၊ နတ်တောင်ရွာ ၊ ကောလင်းမြို့နယ်
အစစ်ခံချက်အရ ၎င်း၏ခင်ပွန်း မောင်ထွေး (ခ) မောင်အိုက်မှ ၎င်းမူးယစ်မှုဖြင့် အဖမ်းမခံရမှီ
နေအိမ်အောက်ထပ် မြေကြီးထဲတွင် မြှပ်နှံထားရာမှ ယူဆောင်ခိုင်း၍ အကြော်ဘူးအတွင်းသို့
သိုဝှက်သယ်ဆောင်လာခြင်းဖြစ်ကြောင်း ကွင်းဆက်ဖေါ်ထုတ်မှုအရ မဖြူဖြူဝင်းကို
ကသာရဲစခန်းမှ (ပ) အမှတ် ၊ မယ(ပ)၂၃/၂၀၁၃ မူးစိတ် ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်ပြီး
အမှုစစ်မှ တရားခံ ဖမ်းဆီးချုပ်ရီမန်တောင်းခံခြင်း မူးယစ်ဆေးသုံးစွဲခြင်း ရှိ/မရှိ ၊
ဆီးစစ်ဆေးခြင်း ၊ ကွင်းဆက်တရားခံ ဖေါ်ထုတ်စစ်ဆေးခြင်းတို့
ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

No comments:
Post a Comment