Tuesday, August 12, 2014

အင်းတော်သတင်းများ ပြန်လာပြီ




အင်းတော်သတင်းတွေကို online ပေါ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်တော်တင်ပေးနေခဲ့ပါတယ်။ ဒါပေမဲ့ အင်းတော်သတင်းတွေကို အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပါတယ်။ ဒီအတွက် အင်းတော်သတင်းများကို
ကြည့်ရှု အားပေးကြတဲ့သူများကို ကျွန်တော် ဒီနေရာကနေပြီး အနူးအညွတ်တောင်းပန်အပ်ပါတယ်။
အကြောင်းအမျိုးမျိုးရှိတဲ့အထဲက အဓိက အကြောင်းအရာကတော့ အင်တာနက် ကွန်နက်ရှင် မကောင်းရခြင်း
က အဓိကပါ ။ အခုတော့ တင်လို့ရတဲ့ အဆင့်လေး ရှိလာပါပြီ။ သတင်းပို့ချင်သူများ ထုံးစံအတိုင်း
inndaw27@gmail ကို ပို့ရုံပါပဲ။ သတင်းကို လူအမျိုးမျိုး ၊ ပတ်ဝန်းကျင်အမျိုးမျိုး ကနေရချင်ပါတယ်။
အမြင်ကတ်လို့ ဒီလူကို တင်လိုက်မယ်ဆိုတဲ့ စိတ်မျိုးနဲ့တော့ သတင်းကို မပို့စေချင်ဘူး။ ရှူထောင့်လေး
တစ်ခုကနေ ဆိုးတဲ့သူတွေကို ကောင်းသွားအောင် ၊ မိုက်နေတဲ့သူတွေကို မမိုက်နိုင်အောင်
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ပို့စေချင်ပါတယ်။ တစ်ခြား ဘယ်အသိုင်းအ၀ိုင်းကပဲဖြစ်ဖြစ် နစ်နာနေတယ် ထင်ရင် အပြန်အလှန် ဖြေရှင်းတာမျိုးကိုလဲ လုပ်နိုင်ပါတယ်။  ကျွန်တော်ကတော့ ကိုယ်နားလည်တဲ့နေရာကနေ ရပ်တည်နေသူပါ။
နောက်တစ်ခု သုံးသပ်မိတာက တစ်ရက်လာလဲ လေပွေနီ ၊ ကိုမင်း ၊ (အင်းတော်) ဆိုတဲ့ သတင်းတွေကို
နေ့တိုင်း ကျွန်တော် မတင်ချင်ပါဘူး။ တက်သစ်စ သတင်းစိတ်ဝင်စားတဲ့သူတွေရဲ့ သတင်းကိုလဲ
တင်ချင်ပါတယ်။ ကူညီပေးကြပါ။
အခုလောလောဆယ် သတင်းခေါင်းစဉ် တစ်ခုကို တင်ချင်ပါတယ်။ ကျွန်တော်အင်းတော်မြို့မှာ
အများအတိုကောက်ခေါ်နေကြတဲ့ လတ်ညွှန်လို့ခေါ်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး အသစ်
ရောက်လာပြီး အင်းတော်မြို့ ဘာတွေများ ပြောင်းလဲနေပြီလည်း ။ ရင်းနှီးရာတွေကို မေးမြန်းစုံစမ်းပြီး
သတင်းပေးပို့နိုင်ပါတယ်။ အရင်တံမလန်းခေတ်ကို ပြန်လည်းပြီး မတင်လိုတော့ပါဘူး။ ရှေ့မှာ
ဘာတွေကောင်းပြီး ။ ဘာတွေဆိုးနေသလဲ ဆိုတာကိုပဲ သွားကြရအောင်ပါ။

No comments:

Post a Comment