Tuesday, August 12, 2014

အင်းတော်မြို့ရဲ့ ဖုန်းလိုင်းတွေကောင်းလာပြီး ၊ အင်တာနက်များ အရင်ကထက် အဆင်ပြေလာ


ဖုန်းကိုင်ဆောင်ပြီး လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး လုပ်ဆောင်နေကြတဲ့ အင်းတော်မြို့သား
တွေအတွက် အခုတော့ နဲနဲ အသက်ရှူချောင်လာသလိုတော့ခံစားရပါတယ်။
အရင်ကတော့ သိတဲ့အတိုင်းပါပဲ ဖုန်းတစ်ကောကို အခါနှစ်ဆယ်နဲ့ သုံးဆယ်လောက်ခေါ်မှ
ရချင်မှရတာပါ။ အင်တာနက်ကတော့ မဖွင့်ဖြစ်တော့တဲ့အထိအောင်ပါပဲ။
အခုတော့ ဘာပဲဖြစ်ဖြစ် update ဖြစ်တဲ့ သတင်းလေးတွေတော့ ကြည့်လို့ရနေပါပြီ။
ဝမ်းသာပါတယ်။ ဒါပေမဲ့ မန္တလေး ၊ နေပြည်တော် ၊ ရန်ကုန်တွေလိုတော့ အော်ရီဒူး
တယ်လီနော တို့ကိုတော့ မမျှော်မှန်းသေးတဲ့ ကျွန်တော်တို့ ဘ၀ပါ။ ရောက်လာမယ်ဆိုတာတော့
သိပါတယ်။ လောလောဆယ် mpt နဲ့ပဲ စခန်းသွားနေရပါအုံးမယ်။ 
ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေလေး တိုးတက်လာတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment