လေပွေနီ(အင်းတော်)
စစ်ကိုင်းတိုင်းဒေသကြီး ၊
ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ လယ်ပြင်ကျေးရွာအုပ်စု အတွင်းမှာရှိသည့်
လူငယ်လူရွယ် ၊ ကျား/မ (169)ဦးကို
သြဂုတ်လ (၁၁)ရက်နေ့မှာ အင်းတော်မြို့နယ် လယ်ပြင်-သီဘာ
ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ
ဇရပ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့်
လူငယ်များကို အခမဲ့
ပြုလုပ်ပေးခဲ့ကြပါသည်။ ယင်းပြုလုပ်ပေးသည့် နိုင်ငံသားစိစစ်ရေးပြား လွှဲပြောင်း
ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၇
ရက်နေ့မှာ လယ်ပြင်သီဘာ မူလတန်းကျောင်းအပေါ်ထပ်တွင်
မွန်းလွှဲ ၂- နာရီအချိန်မှ ၃-နာရီ အချိန်အထိ
ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ကျင်းပပြုလုပ်သည့် အခမ်းအနားသို့
စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးစိုးပိုင်မြင့် ၊ ကသာခရိုင်
လက်ထောက်ညွှန်ကြားရေးမှူး ၊ ဦးခိုင်ဝင်း ၊ အင်းတော်မြို့နယ် ၊ဦးစီးမှူး
ဦးအောင်သူနှင့် ရုံးဝန်ထမ်းများ ၊
နိုင်ငံသားစိစစ်ရေးကတ်ပြားအလှူရှင် လမ်းတံတားဆောက်လုပ်ရေး
ဟိုင်းလင့်ရို့(စ်) ကုမ္ပဏီမှ
အမျိုးသမီး ကိုယ်စားလှယ်နှစ်ဦး ၊ လယ်ပြင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးရုံးရွှေနှင့်
နားခါရာအိမ်မှူး ဦးသန်းဝင်း ၊
သီဘာရာအိမ်မှူး ဦးမုန်းရွှေ ၊ နန်းကင်ရာအိမ်မှူး ဦးမောင်ဝင်း
လယ်ပြင်-သီဘာ မူလတန်းကျောင်း
ကျောင်းအုပ်ဆရာကြီး ဦးစောထွန်းနှင့် ဆရာ ၊ ဆရာမများ အုပ်စု
အတွင်းရှိ ရပ်မိရပ်ဖများနှင့်
ဒေသခံပြည်သူများ စုစုပေါင်း ပြည်သူလူထုအင်အား ၃၅၀ ကျော်ခန့်
တက်ရောက်ခဲ့ကြကြောင်းသိရသည်။

No comments:
Post a Comment