Wednesday, November 6, 2013

အင်းတော်မြို့နယ် ၊ မိုးသောက်ကြယ် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

(ကိုမင်း-အင်းတော်)
          စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့နယ် ၊ မိုးသောက်ကြယ်စုပေါင်း ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းဖွင့်ပွဲကို နိုဝင်ဘာ (၆)ရက် နံနက် (၈း၀၀)နာရီက အင်းတော်မြို့စည်ပင်သာယာဈေး အနောက်ဖက်တိုက်တန်းတွင် ကျင်းပရာ အင်းတော်မြို့နယ်အတွင်းရှိ ဆန်စက်ပိုင်ရှင်များ ၊ ဆန်ကုန်သည်များ စိတ်ပါဝင်စားသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
          အင်းတော်မြို့နယ် ၊ မိုးသောက်ကြယ် စုပေါင်းဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဆန်နီက စပါးရောင်းချလိုသည့် စိုက်ပျိုးထုတ်လုပ်တောင်သူလယ်သမားများ ၊ ကုန်သည်များ ၊ စပါးပွဲစားများ လာရောက်ဆက်သွယ်နိုင်ပါကြောင်း ပေါက်ဈေးဖြင့် အလေးချိန်မှန် ဈေးနှုန်းမှန် ကြိုတင်ငွေပေးစနစ်ဖြင့် လည်းကောင်း ၊ လက်ငင်းငွေချေစနစ်ဖြင့်လည်းကောင်း ၀ယ်ယူနေပါကြောင်း တောင်သူများအတွက် လိုအပ်သည့် မျိုး ဓာတ်မြေသြဇာ ၊ ရေစုပ်စက် ၊ လက်တွန်းထွန်စက် ၊ ခြွေလှေ့စက်များကို အရစ်ကျစနစ်(သို့) စပါးပေးစနစ်ဖြင့် ရောင်းချပေးရန် အစီအစဉ်ရှိပါကြောင်း ဆန်ဝယ်လိုသည့် ဆန်ကုန်သည်များအတွက်လည်း လုံးသွယ်မွှေးဆန် ၊ စောရှုပ်ဆန် ၊ ချင်း ၃ ဆန် ၊ မှော်ဘီဆန် ၊ ကုလားကြီးဆန် ကောက်ညှင်းဆန်များကို စကာတင်/ရိုးရိုး ၊ ဆန်လတ်/စကွဲ မျိုးစုံ သဘာဝမြေသြဇာဖြင့် စိုက်ပျိုးသည့် ဆန်ကောင်းဆန်သန့် များကို ဈေးနှုန်းမှန်ကန်စွာဖြင့် ရရှိနိုင်ပါကြောင်း စပါးရောင်းချသူများ ဆန်ဝယ်ယူသူများအား စိတ်တိုင်းကျ ၀ယ်ယူရောင်းချပေးနေပါကြောင်းဖြင့် ပြောကြားသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ ၊ ၀၇၅-၂၉၁၄၇ ၊ ၀၉-၄၇၀၈၂၃၆၇

No comments:

Post a Comment