(လေနတ်သား)
ဘူတာတစ်ဝိုက်သန့်ရှင်းမှကြိုက်'ဆိုတဲ့ ဆောင်ပုဒ်ကိုတော့
မီးရထားနဲ့ခရီးသွားဘူး သူတိုင်း ကြားဘူးမြင်ဘူးကြမှာပါ ။ဒါပေမယ့်
အမှိုက်တွေကတော့သတိပေးဆိုင်းဘုတ်ခြေရင်းမှာမြင်မကောင်းလောက်အောင်ပါဘဲ။
အပေါ့အလေးသွားထားကြသည်များကလည်းအလိုလိုနေရင်း
သိုင်းပညာရပ်တစ်ခုကို တတ်မြောက်သွားစေနိုင်ပါတယ်။
၎င်းအမှိုက်ပုံဘေးကပ်လျက်လူသွားလမ်းလေး ကတော့တစ်ဖက်ရပ်ကွက်ရှိပြည်သူများသွားလာ
ရာဖြစ်သလိုထိုရပ်ကွက်အတွင်းရှိမြို့နယ်(လ.ဝ.က)ရုံးသို့အများသူငါအကြောင်းကိစ္စအမျိုးမျိုးဖြင့်
ခြေလျင်သွားလာရာဖြတ်လမ်းလေးလည်းဖြစ်ပါတယ်။(ကျွန်ုပ် လ.ဝ.က
ရုံးဘက်သို့သွားစဉ်သတိပေးဆိုင်းဘုတ်ခြေရင်း၌ အမျိုးသမီးတစ်ဦးအပေါ့သွားနေသည်ကိုမြင်မကောင်း၍ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါ။
၎င်းအမှိုက်များမှာဘူတာပေါ်ရှိခရီးသည်များကပစ်သလော?ဘူတာရပ်ဝန်းရှိသူများပစ်သလော..?မည်သို့သောသူများစည်းကမ်းမဲ့သည်ကိုမူအတိအကျမသိရပေ။သို့သော်ဤအမှိုက်များမှာခြေထောက်ပေါက်ပြီးရောက်လာတာမဟုတ်သည်ကတော့သေချာသည်။အမှိုက်များကိုမီးရှို့ပစ်မည်ဆိုပါကလည်းညှော်နံ့တို့ဖြင့်ပတ်ဝန်းကျင်ရှိသူများထိခိုက်မိမည်ကိုလည်းစိုးရိမ်ရပါသေးသည်။
ထို့ကြောင့် 'မပြောမပြီး မတီးမမြည်'ဆိုသလို တာဝန်ရှိသူများ-ခရီးသည်များ-ဘူတာရပ်ဝန်းရှိသူများ
မှအစအားလုံး စည်းကမ်းတကျကြတ်မတ်လိုက်နာဆောင်ရွက်သင့်လှပါကြောင်း
အပြုသဘောတင်ပြလိုက်ရပေသည်။

သံလမ်းအရှေ့ဘက်တစ်လျောက် အမှိုက်တွေ ချေးပုံ သေးကွက်တွေမှ တစ်တန်းကြီး မယုံတဲ့သူလာကြည့်ပါ။ ဘယ်လူကြီးလာလာ သံလမ်းအရှေ့ဘက်ကို တစ်ခါလောက် ဆင်းကြည့် စေချင်ပါတယ်
ReplyDeleteသံလမ်းအရှေ့ဘက်ကို လာကြည့်ပါ အမှိုက်ပုံတွေ သေးကွက် ချေးကွက်တွေတစ်ပုံ တစ်ပင် ပါ။ဘယ်လူကြီး လာလာသံလမ်းအရှေ့ ခြမ်းကို မျက်စောင်းတောင်ထိုးမကြည့်ဘူးထင်ပါတယ်။လူကြီးခရီးစဉ်ရှိရင်တော့ ရှင်းကြပါလိမ့်မယ်။(ပတ်ဝန်းကျင်ဒုက္ခရောက်အောင် မီးရှို့တယ် ပလပ်စတစ်ညှော် နံမှနံ)
ReplyDelete