Tuesday, October 1, 2013

အင်းတော်မြို့နယ် ၊ ခွန်နန်းချောင်း တံတားကြီး ရေကာကွယ်ရေးအတွက် ရေလွှဲမြောင်း တူးဖေါ်ထားသော်လည်း အခိုင်အမာ ဆည်များပြုလုပ်ရန်လိုအပ်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် အင်းတော်မြို့နယ် အတွင်းရှိသော နတ်မဟုတ်ကြီးနှင့် သံဘိုရွာ ကြားမှာရှိသော ခွန်နန်းချောင်းတံတားသည် ယခုအခါတွင် သက်ဆိုင်ရာ လမ်းတံတားဆောက်လုပ်ရေး အထူး အဖွဲ့များမှ စနစ်တကျ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သောကြောင့် ရွှေဘို-မြစ်ကြီးနားသွားသည့် ကားလမ်းကြီးသည်
သာယာလှပမှု အပြည့်အ၀ ရရှိခံစားနေကြပြီ ဖြစ်သည်။ ထိုတံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ခွန်နန်း ချောင်းရေ ချောင်းကမ်းပါးရေတိုက်စားခြင်းမှ တံတားကြီးကို မထိုခိုက်နိုင်ရန်အတွက် တံတားကြီး၏ ရှေ့တွင် ရှိသော ခွန်နန်းချောင်းကို ချောင်းရေလွှဲမြောင်းကိုလည်း သက်ဆိုင်ရာက တူးဖေါက်ပြီးမှ ရေလွှဲခြင်းများ ပြုလုပ် ခဲ့သည်။ သို့သော်လည်း ထိုချောင်းရေလွှဲခြင်းမှာ ရေလွှဲဆည် အခိုင်အမာများ မလုပ်ထားသည့်အတွက်ကြောင့် ၎င်းတို့ ရေလွှဲမြောင်းလုပ်ထားသည့် နေရာသို့ ရေစီးဆင်းခြင်းမရှိပဲ ချောင်းဟောင်းအတိုင်းသာ သွားနေသည့် အတွက်ကြောင့် ဒေသခံအချို့တို့က ခွန်နန်းချောင်းတံတားကြီးကို ထပ်မံ ရေတိုက်စားမှာကို စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်းသိရသည်။
          ....... ခွန်နန်းချောင်းရေကို သက်ဆိုင်ရာလမ်းတံတား ဆောက်လုပ်ရေးအဖွဲ့က ရေလွှဲမြောင်းတွေ တူးပြီးတော့ ရေလွှဲထားတာတော့ ကောင်းပါတယ်။ နောက်ပြီးတော့ မြောင်းတူးထားတာလည်း အတော်လေး ကိုသဘာဝကျပါတယ်။ ဒါပေမဲ့လည်း သူတို့ရေလွှဲတဲ့နေရာမှာ အခိုင်အမာ ရေလွှဲဆည်ကို စနစ်တကျ မလုပ်ထားဘူး။ ဘယ်လိုလုပ်ထားသလဲဆိုတော့ ချောင်းကို ဘက်ဖိုးနဲ့ သဲတွေကို ကုပ်ပြီးတော့ ဖို့ရုံ ဖို့ပြီးမှ ပိတ် ထားတယ့်အခါမှာ မိုးရွာလို့ ချောင်းရေကလည်း လာရောသူတို့ပိတ်ထားတဲ့ သဲတွေကလည်း ချောင်းထဲကိုပဲ ပြန့်ကျဲသွားပြန်တယ်။ သူတို့ချောင်းရေလွှဲမြောင်းတူးထားတဲ့ နေရာကို အခုအချိန်မှာတော့ လုံးဝရေမစီးတော့ ပါဘူး။သူတို့တစ်တွေ အခုအချိန်မှာအခိုင်အမာ ရေလွှဲဆည်တွေကို ပိတ်ထားမယ်ဆိုရင်တော့ ဒီကရေလွှဲမြောင်း ကြီးဖေါက်တာ အောင်မြင်မှာဖြစ်ပါတယ်။ ရေလွှဲမြောင်းကြီး အောင်မြင်သွားပြီဆိုရင်တော့ ခွန်နန်းချောင်း တံတား ကြီးအတွက်လည်း နှောင်တစ်ချိန်မှာ ချောင်းရေအန္တရာယ် စိုးရိမ်စရာ မလိုတော့ပါဘူး ။ ဒါပေမဲ့အခု အတိုင်း ထားမယ်ဆိုရင်တော့ ရေရှည်ကြရင် ချောင်းရေက ထိပ်တိုက်စီးဆင်းတဲ့ လယ်ကမ်းပါးတွေကို ထိုးပြိုပြီးတော့ နောင်ကို လယ်အနီးမှာရှိတဲ့ ကတ္တရာလမ်းမကြီးလည်း ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ဆက်လက်ပြုပြင် ဖို့ရာကတော့ လိုအပ်ပါသေးတယ် ....... ဟု အင်းတော်မြို့နယ် အတွင်းရှိ ခရီးသွားလာသူတစ်ဦးက ပြောပြခဲ့သည်။
          အင်းတော်မြို့နယ်နှင့် သိပ်မဝေးလှသော နတ်မဟုတ်နှင့် သံဘိုရွာကြားတွင်ရှိသည့် ခွန်နန်းချောင်းတံတား ကြီးကို ရေအန္တရာယ်မှ ကင်းဝေးစေရေးအတွက် သက်ဆိုင်ရာလမ်းတံတား ဆောက်လုပ်ရေးအဖွဲ့မှရေလွှဲမြောင်း တူးဖ်ါထားသောနေရာသည် အခိုင်အမာရေလွှဲဆည်များ မရှိသည့်အတွက်ကြောင့် ရေလွှဲမြောင်း တူးဖေါ်ခြင်းမှာ အောင်မြင်မှု မရှိကြောင်း သိရသည်။
                                                                             နေကိုကို (အင်းတော်)

No comments:

Post a Comment