Saturday, September 28, 2013

ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းဝေးစေရေး ပြုတ်ထွက်နေသည့် သံလမ်းဆက်မူလီများ ပြုပြင်ဆောင်ရွက်ပြီး

မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့နယ် ၊ အင်းတော်ဘူတာနှင့် ဆည်ရွာဘူတာကြား မိုင်တိုင်အမှတ် ၅၈၂/၁၅ ၊ တံတားအမှတ် ၄၂၈ ၊ နန်းကင်ကျေးရွာအနီး နန်းကင်ချောင်းကူး တံတား သံလမ်းရေပေါက်မှ ဇလီဖားတုံးများ ၊ ၁၃ တုံးသာ ကွာဝေးသော နေရာတွင် စက်တင်ဘာ (၂၄)ရက် ညနေပိုင်းက သံလမ်းဆက်မူလီများ ပြုတ်ထွက်နေသဖြင့် မြန်မာ့အလင်းသတင်းစာတွင် စက်တင်ဘာ(၂၆)ရက်နေ့က ဓာတ်ပုံနှင့်ထည့်သွင်းဖေါ်ပြခဲ့ပါသည်။
          ထို့ကြောင့် သတင်းပါရှိသည့်ရက် ညနေပိုင်းတွင် ပြုတ်ထွက်နေသည့် သံလမ်းဆက်မူလီများကို ပြုပြင် တပ်ဆင်ပြီးသည်ကို တွေ့ရကြောင်း အင်းတော်မြို့မှ နန်းကင်ချောင်းကူးတံတား ရေပေါက်အထိ နေ့စဉ် လမ်းလျှောက်သူတစ်ဦးက ပြောပြသည်။
          ....... ဒီလိုမှမပြုပြင်ခဲ့ရင် ရထားတွေအနေနဲ့ အဆန်ရထားများထက် အစုန်ရထားများက ပိုပြီး အန္တရာယ် ပိုများပါတယ်။ ဘာလို့လဲဆိုတော့ အစုန်ရထားတွေက အင်းတော်ဘူတာကထွက်ပြီး သံလမ်းဆက် မူလီများ ပြုတ်ထွက်နေတဲ့နေရာရောက်ရင် ရထားက အရှိန်မြင့်ပြီး မောင်းနေပြီလေ။ ဒီတော့ နန်းကင်ချောင်းကူးတံတားနဲ့ လည်း သိပ်နီးတော့ ရထားဘီးချော်ကျတာများဖြစ်လိုက်ရင် မတွေးဝံ့စရာပါဗျာ။ ဒါကြောင့် မြန်မာ့မီးရထားနဲ့ ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် သတင်းရေးသားပေးပို့တဲ့ သတင်းထောက်နဲ့ ပြည်သူများအကျိုးအတွက် အချိန်နဲ့တစ်ပြေးညီ ဖေါ်ပြပေးတဲ့ သတင်းစာတိုက် စာတည်းအဖွဲ့ဝင်များ အားလုံးကို
ကျေးဇူးတင်ရှိပါတယ် ...... ဟု ပြောပြသည်။
ဦးကိုမင်း (သတင်းထောက်)  မြန်မာ့အလင်းနှင့်ကြေးမုံသို့ ပေးပို့သော သတင်းမှ ကောက်နှုတ်ဖေါ်ပြပါသည်။

No comments:

Post a Comment