Monday, September 30, 2013

ညရေးညတာ အိပ်မရတဲ့ သီတင်းကျွတ် ဆီမီးထွန်းပွဲကို ကြိုဆိုတဲ့ ဗျောက်ဖေါက်သံများကို တားမြစ်ဖို့ရာလိုအပ်နေ



စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်အတွင်းတွင် သီတင်းကျွတ်လ ရက်ပိုင်းများ မရောက်သေးသော်လည်း မြန်မာလူမျိုးတို့၏ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအစဉ်အလာအရ သီတင်းကျွတ် ဆီမီးထွန်းပွဲကို မိရိုးဖလာတစ်ရပ်အနေဖြင့် နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ ရှိကြသည်။ သီတင်းကျွတ်လ ဆီမီးထွန်းပွဲ ရက်များရောက်သည့်အခါတွင် နှစ်စဉ်နှစ်တိုင်းပင် ဆွမ်းတော်ကြီး ဆွဲခြင်း ၊ ဆွမ်းဆန်ပို့ခြင်း ၊ သီတင်းဝါကျွတ် သည့်အခါ လူကြီးသူမများကို ကန်တော့ခြင်းများသည် အစဉ်အလာတစ်ရပ်အနေဖြင့် ရိုးရာဓလေ့တစ်ခု ဖြစ်ခဲ့ကြသည်။ ယခုနောက်ပိုင်း ကာလတွင်လည်း သီတင်းကျွတ်အခါ ရက်ပိုင်းများမှာ မီးရှူးမီးပန်း ဗျောက်ဖေါက် သည့်ဓလေ့များကို လူငယ်လူရွယ်များက အစဉ်အလာတစ်ရပ်တစ်ခုအဖြစ် ဖြစ်ပေါ်လာကြပြန်သည်။ သို့သော်လည်း ယခုအခါတွင် သာမန်မီးရှူးမီးပန်း ၊ သာမန်ကလေးငယ်များ ဖေါက်သည့် ဗျောက်ပုံစံမျိုး မဟုတ်ပဲ ညရေးညတာများတွင် ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် လူကြီးများ အိပ်မရတဲ့အဆင့် ပုံစံမျိုး တစ်မျိုး ထူးဆန်းမှုထွင်ကာ သေနတ်သံကြီးများသဖွယ် ဗျောက်ကြီးများကို လမ်းဘေးဈေးဆိုင်များတွင်လည်းကောင်း ၊ အချို့မြို့ထဲက ဆိုင်များတွင်လည်းကောင်း နေ့စဉ်စီးပွားရေး ဈေးကွက်သဖွယ် ရောင်းချလာသည့်အတွက်ကြောင့် သီတင်းကျွတ် ကာလ ရက်ပိုင်းသို့ ကူးပြောင်းရောက်ရှိခြင်းမရှိသော်လည်း သီတင်းကျွတ်အခါရက်များနှင့် ဝေးကွာ နေချိန် ဖြစ်သော ယခုရက်ပိုင်းများတွင် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းဖြစ်သည့် ကားလမ်းမကြီးများပေါ်တွင် ညအချိန်မတော် ဗျောက်အိုးကြီးများကို ဖေါက်ခြင်း ထို့နောက် ဖြတ်သန်းသွားလာနေကြသည့် ဆိုင်ကယ်စီးနင်း သွားလာသည့် မိန်းခလေးများထဲသို့ ဗျောက်ကြီးများဖေါက်ခြင်းကြောင့် အန္တရာယ်များ ကျရောက်နိုင်ကြောင်း သိရှိ ရသည်။
          ........ အခုဖြစ်နေတာက သီတင်းကျွတ်လ အခါရက်တွေမရောက်သေးဘူး။ ကျယ်လောင်သော အသံကြီးတွေက မကြာခဏ ဗျောက်ဖေါက်နေကြပါတယ်။ နောက်ပြီးတော့ ဆိုင်ကယ်နဲ့ သွားလာနေကြတဲ့ မိန်းကလေးတွေ သွားတဲ့အခါမှာလည်း တစ်ချို့တစ်လေ ကားလမ်းပေါ်မှာရှိတဲ့ မောင်းတံဂိတ်တွေမှာ စောင့်နေတဲ့ လူငယ်လူရွယ်တွေကလည်း ဗျောက်တွေကို ဖေါက်ပြီးတော့ လမ်းပေါ်ကို ပစ်ချတာတွေလည်း ရှိတယ်။ ညအချိန် မတော်မှာ အတော်လေးကို လန့်စရာတွေဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အခုဗျောက်တွေက သေနတ်သံ တွေလောက်မကဘူး ။ မိုင်းခွဲသံကြီးများသဖွယ် ကျယ်လောင်နေတဲ့အခါ ကြတော့ တစ်ခါတစ်လေ အထိတ်တလန့် ဖြစ်ပြီး အိမ်မရတာနဲ့ အိမ်နီးနားချင်းက လူတွေကို ဟိုမေးဒီမေး မေးရတဲ့အဆင့်တွေ ဖြစ်ခဲ့တယ်။ နောက်ပြီးတော့ မနေနိုင်တဲ့အဆုံး သတင်းထောက်ကို လှမ်းမေးကြည့်တဲ့အခါမှာ သတင်းထောက်ကလည်း ရဲစခန်းကြီးမှာရှိတဲ့ နယ်ထိန်းရဲကို ကျွန်တော်တို့ ရှေ့တင်ပဲ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတော့ မြို့ထဲက ဟိုကုန်းပေါ်က ဗျောက်ဖေါက် တာပါလို့ ပြောခဲ့တဲ့အခါမှ ကျွန်တော်တို့ကလည်း ဟင် ကနဲ ကျသွားပါတယ် ....... ဟု အင်းတော်မြို့နယ် သီဘာရွာ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
          သီတင်းကျွတ်လ အခါရက်ပိုင်း ဝေးကွာချိန်များတွင် ညရေးညတာများ မကြာခဏဆိုသလို ကျယ်လောင် သောအသံကြီးများ ဖြစ်သည့် ဗျောက်ဖေါက်သံကြီးများသည် တစ်ခါတစ်ခါ လွှမ်းမိုးများပြားလျက် ရှိလာပြီး မြို့အနီး မှာရှိတဲ့ ကျေးရွာများက သက်ကြီးရွယ်အိုများသည် အိပ်မရတဲ့ အဆင့် ဖြစ်လာကြသလို နောက်ပြီးတော့ ကျန်းမာ ရေးအတွက်လည်း စိုးရိမ်ပူပန်စရာများ ဖြစ်လာနိုင်သည်။ ထို့အပြင် ပညာရေးကို သင်ယူနေကြတဲ့ ကျောင်းသူ ၊ ကျောင်းသားများအတွက်လည်း အထိတ်တလန့်မှုတွေ မကြာခဏ ဖြစ်စေနိုင်သည့်အပြင်ဒေသခံ ပြည်သူအများ အတွက်လည်း ဆူညံမှု အနှောင့်အယှက်တစ်ခု ဖြစ်နေသည့်အတွက်ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ သာမန်မီးရှူးမီးပန်း ဗျောက်များမဟုတ်ပဲ ကျယ်လောင်စူးရှသော ဗျောက်အိုးကြီးများ ရောင်းချပြီး စီးပွားရေး လုပ်ကိုင်ပြီး ၀င်ငွေရှာနေကြသူများကို တားမြစ်သင့်ကြောင်း သိရှိရသည်။
                                                                                      နေကိုကို (အင်းတော်)

Sunday, September 29, 2013

အင်းတော်မြို့နယ် ၊ အောင်ကုန်းကျေးရွာအနီးရှိ ကန်ညီနောင် ပဒုမ္မာကြာကန်ကြီးကို ရေရှည် ထိန်းသိမ်းဖို့ရာလိုအပ်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ အင်းတော်မြို့နှင့် (၇)မိုင်ခန့် 
အကွာအဝေး ရှိသော အောင်းကုန်းကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာကြားတွင်ရှိသည့် ကန်ညီနောင် ပဒုမ္မာ ကြာကန်ကြီးသည် ရေရှည်ထိန်းသိမ်းဖို့ရာ လိုအပ်လျက်ရှိနေကြောင်းသိရသည်။
          ...... ကန်ညီနောင်ကို ကျွန်တော်တို့က စနစ်တကျ ဧရိယာသတ်မှတ်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကန်ညီနောင်ကြီးက ရေတွေကို ကျွန်တော်တို့ အောင်းကုန်းကျေးရွာက လယ်တွေရယ် အင်းပင်ကျေးရွာက လယ်တွေရယ် မိုးစပါးစိုက်ပျိုးတဲ့အခါမှာ ဒီကန်ညီနောင်က ရေကိုပဲ အဓိကထားပြီးမှ အသုံးပြု စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ကန်ညီနောင်ဘေးပတ်လည်မှာတော့ လယ်ယာမြေအများအပြား ရှိနေပါတယ်။ ဒါပေမဲ့ ကန်ညီနောင်ရဲ့ ရေပြင်အကျယ်အ၀န်းကို ဧကဖွဲ့ပြီးမှ စနစ်တကျ တိုင်းတာထားတာတော့ မရှိသေးပါဘူး။ အဲ့ဒီလို မရှိသေးတဲ့အခါမှာ ကန်ညီနောင်ရဲ့ ရေရှည်တည့်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ ထိန်းသိမ်းဖို့ရာ အတော်လေး ကိုလိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ ဒေသက လယ်ယ်ာမြေတွေ အများအပြားဟာ ဒီရေကို အဓိကထားပြီးမှ မိုးစပါးစိုက်ပျိုးနေရတာဖြစ်သလို နွေရာသီကာလမှာလည်း ကန်ညီနောင်က ရေစက်တွေနဲ့ အချို့လယ်တွေဆိုရင် နွေစပါးကို ကန်ညီနောင်ကရေနဲ့ အသုံးပြုစိုက်ပျိုးနေကြတာတွေလည်း ရှိတယ်။ အခုဆိုရင် ကန်ညီနောင် ရေလယ် မှာတွေတော့ ပဒုမ္မာ ကြာပင်တွေ အများအပြားပေါက်ရောက်ပြီး ကြာပန်းတွေပွင့်နေတဲ့ နေရာတွေရှိနေသလို ကန်ညီနောင်ရဲ့ အချို့ရေပြင်မှာလည်း ကျွဲ-နွားများ တိုးမပေါက်အောင် ရေပြင်ပေါ်က မြက်ပင်ကြီးတွေကလည်း ရှုပ်ထွေးပြီးမှ ထူထပ်ကာ ရေပြင်ချုံကြီးတွေလို ဖြစ်နေတာတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ကန်ညီနောင်ရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ လယ်သမားအချို့ဟာလည်း မိမိတို့လယ်နဲ့ နီးစပ်တဲ့ ကန်ရေပြင်နယ်နမိတ်တွေကို တိုးပြီးတော့ မိုးစပါးတွေ စိုက်ပျိုးတာတွေလည်း လုပ်ကိုင်လာကြတယ်။ အဲ့ဒါတွေကိုကြည့်ရင် ကန်ညီနောင်ရဲ့ အကျယ်အ၀န်းဧရိယာဟာ တစ်နေ့တစ်ခြား ကျဉ်းမြောင်းခြင်းဟာ မြန်ဆန်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ ကန်ရဲ့ ရေပြင်ကိုဧရိယာ သတ်မှတ်ပြီး ထိန်းသိမ်းထားခြင်းမရှိလို့ပါ....... ဟု အင်းတော်မြို့နယ် ၊ အောင်းကုန်း ကျေးရွာရှိ တောင်သူလယ်သမားတစ်ဦးက ပြောပြခဲ့သည်။
          အင်းတော်မြို့နယ် အတွင်းရှိသော ကန်ညီနောင်ကြီးသည် အင်းတော်နှင့်ဗန်းမောက်သွားသည့် ကားလမ်းဘေးဝဲယာ တောင်ဖက်တွင် ရေကန်တစ်ခု ။ မြောက်ဘက်တွင် ရေကန်တစ်ခု ရှိပြီး အဆိုပါ ရေကန်နှစ်ခု ကိုကန်ညီနောင်ဟု ခေါ်ဝေါ်သုံးစွဲလျက်ရှိနေကြသည်။ ထိုကန်ညီနောင်မှ ရေများကို အင်ပင်ကျေးရွာနှင့် အောင်းကုန်းကျေးရွာရှိ တောင်သူလယ်သမားအများအပြားသည် မိုးရာသီစပါးစိုက်သည့်အခါများတွင် ဧက (၁၀၀၀)၀န်းကျင်ကို မိုးစပါးများစိုက်ပျိုးလုပ်ကိုင်စားသောက်ကြသလို အခါအားလျော်စွာ နွေရာသီကာလများတွင် လည်း နွေစပါးများကို အချို့လယ်ယာမြေများမှာ ၎င်းကန်ညီနောင်မှရေများကို ယူပြီး စိုက်ပျိုးနေကြသည်။ သို့သော်လည်း ယင်းကန်ညီနောင်ကြီးသည် ကန်ညီနောင်အတွင်းရှိ မြက်များနှင့် ချုံနွယ်များကို ပြုပြင်ရှင်းလင်းခြင်း မရှိသောကြောင့် ကန်ညီနောင်ကြီးမှာ တိမ်ကောခြင်းများ မြန်ဆန်လာနိုင်သည့်အပြင် ကန်ညီနောင်ကြီးကို စနစ် တကျ ဧရိယာသတ်မှတ်ထားခြင်း မရှိသည့်အတွက်ကြောင့် တစ်နေ့တစ်ခြား ကျဉ်းမြောင်းခြင်းလည်း မြန်ဆန် ပျက်စီးလာနိုင်သည့်အတွက်ကြောင့် ဒေသခံတို့မှ ၀ိုင်းဝန်းပြုပြင်ဆောင်ရွက်ပြီး ကန်ညီနောင်ကြီးသည် ရေပိုင်နက် ဧရိယာများ စနစ်တကျသတ်မှတ်ကာ ထိန်းသိမ်းဆောင်ရွက်ထားသင့်ကြောင်းသိရသည်။
                                                                                      နေကိုကီု(အင်းတော်)

နင်းပြားခံဘ၀ ပြည်သူတို့ရဲ့ ဆောင်းပါးလေးပါ

လုပ်ပိုင်ခွင့် လုပ်ကိုင်ခွင့် နှင့် အနင်းခံပြည်သူများ...



ဒီမိုကရေစီဆိုနိုင်ငံဆိုသည်မှာ ပြည်သူများ၏ ဆန္ဒကို အလေးထားသည့် အစိုးရအုပ်ချုပ်သည့် နိုင်ငံ၊ တရားဥပဒေစိုးမိုးသည့်နိုင်ငံ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒကို အလေးထားဆောင်ရွက်ပေးသည်ဟု နားလည်ထားခဲ့ပါသည်။ ထို့ပြင် ယနေ့မြန်မာနိုင်ငံကြီးမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ ချီတက်နေပါသည်ဟု ကြွေးကြော်ထားပြန်ရာ အားရကျေနပ်ဖွယ် ကောင်းလှပေသည်။ သို့သော် အမှန်တကယ်ရော ကြွေးကြော်သံအတိုင်း ချီတက်နေကြပါ၏လော။ အပြောင်းအလဲတွေကရော အောက်ခြေအဆင်အထိရောက်ရှိပါ၏လော.. ဟုမေးခွန်းထုတ်မိသည်မှာ အကြိမ်ကြိမ်ပင်။ ကျေးလက်တောရွာများတွင်နေထိုင်ကြသည့် အခြေခံလူတန်းစားများအတွက် မျှတမှု၊ တရားဥပဒေ၏ အကာကွယ်ပေးမှုအစရှိသည့် အခွင့်အရေးများရရှိနေကြပါ၏လော..။ ယခုဖြစ်ရပ်မှာ ဒေသခံ အခြေခံလူတန်းစားများအပေါ် လုပ်ပိုင်ခွင့်ဟူသည့် ဝိသေသတစ်ခုဖြင့် အနိုင်ကျင့်မှု တစ်ခုအဖြစ် မြင်တွေ့ကြားသိရပေသည်။
ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို ပြုပြင်ရန်အတွက် အစိုးရမှ ကုမ္ပဏီများကို လမ်းပိုင်းအလိုက် ခွဲဝေပြီး နေရာချထားပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသကို ဖြတ်သန်းသွားသည့် ၄င်းလမ်းမကြီးကို အဆင့်မြင့်တင်ရန်အတွက်၊ သို့မဟုတ် ပြုပြင်ရန်အတွက် တာဝန်ယူရသည့် ကုမ္ပဏီ၏ အမည်မှာ ဆုထူးပန် ဖြစ်ပေသည်။ နာမည်လေးမှာ စိတ်ဝင်စားစရာကောင်းလှသလို အားကျစရာလည်း ကောင်းလှပေသည်။ ဆုထူးဆုမြတ်ကို အရယူမည်ဟူသော အမည် .. ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များတွက်တော့ ဆုကြီးပန် ဆုထူးပန် ဆိုသည့် စကားမှာ ယောက်ျားကောင်း ယောက်ျားမြတ်များသာ ခံယူကြ၊ ဆုတောင်းကြသည့် ဆုကြီးတစ်ခု သို့မဟုတ် တကယ့်ကို စိတ်ထားမြင့်မြတ်သူတို့၏ စိတ်ထား၊ လုပ်ရပ်များအဖြစ် နားလည် သဘောပေါက်ထားကြပေသည်။ ကျွန်တော်တို့ ဒေသခံပြည်သူများ သွေးချွေးများဖြင့် ရင်းနှီးပြီး ကတ္တရာလမ်းအဖြစ် ဖန်တီးထားခဲ့သည့် ဗျူဟာလမ်းမကြီးသည် ပြုပြင်သူမဲ့နေရာမှ နိုင်ငံတော်မှ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးလိုက်သည်… လုပ်ကိုင်ခွင့် ရသွားသည့် ကုမ္ပဏီက ဆုထူးပန်ဆိုတော့ ကျွန်တော်တို့ ဒေသခံတွေမှာ မကြာခင် ယိုယွင်းပျက်စီးနေသည့် ကတ္တရာလမ်းမကြီးမှ ဖြောင့်ဖြူးမည်းနက်နေသည့် ကတ္တရာလမ်းမကြီးအဖြစ် တွေ့မြင်ရတော့မည်။ လှတောသား စကားနှင့် ပြောရမည်ဆိုလျှင် "ကျောက်ခဲစားသွား အစာကြေမည့် လမ်း"မှ "မှန်ပေါ်လိမ့်ရမည့် လမ်း"ဖြစ်လာတော့မည်ဟု စိတ်ကူးပုံဖော် မျှော်လင့်ပြီး ကြည်နူးနေခဲ့ကြရပေသည်။ ကုမ္ပဏီမှလည်း စစချင်းတွင် လမ်းသားဖို့ခြင်း လုပ်ငန်းကို ကားအစီးရေများစွာဖြင့် လုပ်ပြလိုက်တော့ ကျွန်တော်တို့၏ မျှော်လင့်ချက်တွေ ပိုမို အရောင်တောက်စေခဲ့၏။ သို့သော် ကျွန်တော်တို့တွေ၏ မျှော်လင့်ချက်များက ဆုထူးပန်ကုမ္ပဏီမှ ခင်းလိုက်သည့် မြေသားသဲကျောက်မှုန့်များနှင့် အတူ တဖြည်းဖြည်း တလွင့်လွင့် ပျောက်ကွယ်သွားခဲ့တော့သည်။ ရက်မှ လ၊ လမှ နှစ်သို့ တဖြည်းဖြည်းကူးပြောင်းလာခဲ့သော်လည်း မပြောင်းလဲသည်မှာ ကျွန်တော်တို့၏ မော်လူးဒေသကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏ အင်းတော်-မော်လူး-နန့်စီးအောင်လမ်းပိုင်းပင်၊အခြားလမ်းပိုင်းများကို တာဝန်ယူထားကြသည့် ကုမ္ပဏီများမှာ လမ်းကို ကတ္တရာလမ်းအဖြစ် ဖြည်းဖြည်းချင်းဆောင်ရွက်ခဲ့ကြရာ လမ်းပိုင်းတော်တော်များမှာ ကောင်းမွန်နေပြီဖြစ်သည်။ ကုမ္ပဏီမှ လမ်းကို မြေသားဖို့ခြင်းကိုသာပြုလုပ်ပြီး ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား လမ်းအသုံးပြုခများကိုမူ လမ်းဂိတ်များဖွင့်လှစ်ပြီး ပုံမှန်ကောက်ခံနေသည်။ ဒေသခံပြည်သူတို့က လမ်းမပြင်ဘူးလားဟု မေးသောအခါဝယ် သုံးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်မှာပါ .. ပထမအဆင့်အနေနဲ့ လမ်းသားတင်နေတုန်းမို့ မပြင်နိုင်သေးပါဟု ပြန်ဖြေ၏။ ဤသို့ဤပုံ အပြောကောင်းခဲ့သည့် ဆုထူးပန်ပင်…။ "လူအကြောင်းပေါင်းမှသိ"ဟူသည့် ဆိုရိုးကဲ့သို့ပင် ကုမ္ပဏီအကြောင်းကျတော့ အချိန်ကြာလျှင် သိရပါတော့သည်။ လမ်းပြုပြင်ခြင်းကို ဗန်းပြလျှက် ရွှေတူးဖော်ခြင်း၊ သစ်ထုတ်ခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းစသည့် စသည့် လုပ်ငန်းများဆီသို့ ဦးတည်သွားပါတော့သည်။ ထိုပြင့် လမ်မခင်းသော်လည်း လမ်းခင်းကျောက်များကိုတော့ အင်းတော်-ကသာမော်တော်ကားလမ်းဘေးတွင် ထုတ်လုပ်ပြီး ရောင်းစားနေသည်ဟု သတင်းထွက်လာပါတော့သည်။ ထိုပြင့် သူတို့ကုမ္ပဏီဋ္ဌာနအဖြစ် နေရာယူထားသည့် နဘား-ကသာ-အင်းတော် မော်တော်ကားလမ်းဆုံရှိ မြေကွက်ကြီးမှာလည်း ကုမ္ပဏီပိုင် အဖြစ်သို့ မည်သို့မည်ပုံပြောင်းလဲသွားရသည် မသိချေ။ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးမှ အင်းတော်-နန့်စီးအောင် မော်တော်ကားလမ်းပိုင်း ယိုယွင်းနေကြောင်း တင်ပြရာဝယ် ဆုထူးပန်ကုမ္ပဏီက တာဝန်ယူ ပြင်ဆင်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ကြားသိရပြန်တော့ သြော်..ဖြစ်ရလေခြင်း လူကြီးမင်းတို့ရယ်..ဟုသာ ဒေသခံတွေ ညာဉ်းချင်းချနေကြတော့၏။ ဒီလို..ဖြစ်ရပ်မျိုးတွေနှင့် အင်းတော်-မော်လူး-နန့်စီးအောင်လမ်းပိုင်းမှာ ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်းဆိုသည့် ရွှေမန်းတင်မောင် သီချင်းလိုပင် မူလအစမှ မူလအစအတိုင်းပင် မပြောင်းမလဲ ရှိနေပါတော့သည်။ လမ်းကိုမပြုပြင်သော်လည်း ဒေသခံများသည် စားဝတ်နေရေးကို ဖြေရှင်းရန် သံတိုင်လေးများဖြင့် နဖူးကချွေး အဝီစိကျအောင် မြေကြီးကိုတူးဆွပြီး တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေသည့် မော်လူးကျေးရွာအနောက်ဘက် ထုံးတောင် ကျောက်စိမ်းတွင်းမှာ ပြဿနာသွားရှာပါတော့သည်။ မော်လူးဒေသတွင် ကျောက်စိမ်းထွက်ရှိသည့် နေရာသုံးခုလောက်ရှိရာ သူရောင်းမှော်၊ ဥသျှစ်ကုန်းမှော်၊ ထုံးတောင်မှော်ဟူ၍ အမည်နာမသတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ ထိုကျောက်စိမ်းတွင်းများမှာ လွန်ခဲ့သော နှစ်ပေါင်း တော်တော်ကြာကြာကပင် ဒေသခံများ တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေကြသည့် နေရာဖြစ်သည်။ ထိုသို့ တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေခြင်းအား၂၇.၉.၂၀၁၃ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ကုမ္ပဏီမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မော်လူးရဲစခန်းမှ စခန်းမှူးတို့အားခေါ်ဆောင်လျှက် မော်လူးဒေသ၊ ဂွေ့ကြီး-နန့်ရုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ထုံးတောင်ကျောက်စိမ်းတွင်းတွင် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေကြသည့် ဒေသခံများကိုပါ ခေါ်ယူကာ ထိုကျောက်စိမ်းထွက်ရာ ထုံးတောင်သည် ဆုထူးပန်ကုမ္ပဏီက အစိုးရထံမှ လုပ်ကိုင်ခွင့်ရထားသည့် ကျောက်စိမ်းလုပ်ကွက်တစ်ခုဖြစ်ကြောင်း၊ သို့အတွက် ဒေသခံပြည်သူများက တူးဖော်လုပ်ကိုင်ခွင့် မရှိကြောင်း၊ အကယ်၍ တူးဖော်လုပ်ကိုင်ခြင်းကို တွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း၊ ဒေသခံပြည်သူများက အစိုးရထံမှ လုပ်ကိုင်ခွင့် ရသည်ဖြစ်စေ မရသည်ဖြစ်စေ မိမိတို့ဒေသရှိ ကျောက်စိမ်းတွင်းလေးတွင် တစ်နိုင်တစ်ပိုင်တူးဖော်ခွင့်သည် ပြည်သူတို့၏ ရပိုင်ခွင့်ဖြစ်သည်ဟု ထင်မှတ်ထားကြပေသည်။ ထို့အတွက်ကြောင့်လည်း တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။ တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်သူများအား ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အာဏာပိုင်များသည် ကျောက်စိမ်းတူးဖော်နေကြသည့် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးအရေးယူရန် အားထုတ်ပါတော့သည်။ အသိပညာအားနည်းကြရှာသည့် ဒေသခံပြည်သူများမှာ အာဏာပိုင်အဖွဲ့အစည်းများက ဖမ်းဆီးရန် လာရောက်သောအခါ ဘာများခုခံပြောဆိုတတ်ကြပါမည်နည်း။ မျက်ရည်လည်ရွှဲ ဒူးဖက်တောင်းပန်ကြရုံသာရှိတော့သည်။ ကုမ္ပဏီများကျတော့ အစိုးရထံမှ ခွင့်ပြုချက်ရထားသည်ဟူသည့် စကားလေးတစ်ခွန်းဖြင့် ဒေသခံပြည်သူများကို အာဏာပိုင်များနှင့် ပေါင်းကာ ယခုလို အနိုင်ကျင့်၍ ရသည်ဆိုလျှင် အစိုးရထံတွင် လမ်းပြင်ပါမည်ဟု လက်မှတ်ရေးထိုးကာ လမ်းမပြင်ပဲ ဒေသထွက် သယံဇာတပစ္စည်းများကို ရနိုင်သလောက် အမြတ်ထုတ်နေသော ထိုကုမ္ပဏီအားဒေသခံပြည်သူများကရော မကျေနပ်ကြောင်း၊ နိုင်ငံတော်မှ ဥပဒေအရ အရေးယူပေးသင့်ကြောင်း ပြောဆိုတင်ပြခွင့် ဆန္ဒထုတ်ဖော်ခွင့် မရှိလေသလော။ သူတို့ လမ်းမပြင်ပဲနေသည်ကိုပင် မသိကျိုးကျွန်ပြုနေကြသော သက်ဆိုင်ရာလူကြီးများ၊ ပြည်သူတို့၏ လုံခြုံရေးကို တာဝန်ယူထားကြသော အာဏာပိုင် အဖွဲ့အစည်းကလည်း ပြည်သူများအား အကာကွယ်မပေးပဲ အစိုးရထံမှလုပ်ကိုင်ခွင့် ရရှိထားပါသည်ဆိုသော စကားလေးတစ်ခွန်း အကြောင်းပြချက်လေးတစ်ခုဖြင့် ဒေသခံပြည်သူများအပေါ် တရားမဝင်လုပ်ငန်းဖြစ်သည်… ကျောက်စိမ်းတုံးလေးတစ်ခုကို လက်ဝယ်ထားရှိလျှင်ပင် ဖမ်းဆီး၍ရသည်..စသည်ဖြင့် စသည်ဖြင့် ပြောဆိုနေကြသည်။ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် သံတိုင်အတိုလေးကိုင်ကာ ဆင်းရဲပင်ပန်းကြီးစွာ ရှာဖွေစားသောက်နေကြရသည့် ဒေသခံများအပေါ် ဥပဒေကြောင်းများအရ အရေးယူနိုင်ကြောင်း ပြောဆိုနေသည်မှာ သဘာဝမကျလှချေ။ ဤသို့ဤပုံ ကုမ္ပဏီများက လုပ်ပိုင်ခွင့်ဆိုသည့် အကြောင်းပြချက်၊ ဟိုလူကြီးလက်မှတ်၊ ဒီလူကြီးလက်မှတ်စသဖြင့် ဖိန့်လုံး၊လှိမ့်လုံးများကိုသုံးနှုန်းပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေးအား အနိုင်ကျင့်ကာ လုယူနေသည်မှာ မိမိတို့ ကုမ္ပဏီအားပေးထားသည့် ဆုထူးပန်ဟူသည့် အမည်နာမနှင့် မည်သို့မှစပ်ဟပ်မှု မရှိ။ ဒေသတစ်ခုသို့ လာရောက်ပြီး တာဝန်ကိုမဆောင်ရွက်ပဲ ဒေသတွင်း သယံဇာတပစ္စည်းများကို မရရသည့်နည်းဖြင့် ထုတ်ယူနေသည့် ကုမ္ပဏီ အဖွဲ့အစည်းများရှိနေသမျှကာလပတ်လုံး အခြေခံလူတန်းစားတို့၏ ဘဝမှာ နင်းပြားဘဝမှ အဘယ်သို့လျှင် အထက်အဆင့်သို့ တက်လှမ်းနိုင်ပါမည်နည်း။ သို့အတွက် အစိုးရထံမှ လုပ်ကိုင်ခွင့်များရယူကာ တာဝန်ယူထားသည့် လုပ်ငန်းကို မဆောင်ရွက်ပဲ ဒေသထွက်သယံဇာတပစ္စည်းများကို ထုတ်ယူပြီး မိမိအကျိုးကိုသာ ကြည့်ရှု့သည် ကုမ္ပဏီမျိုးကို နိုင်ငံတော် အစိုးရအနေဖြင့် လုပ်ပိုင်ခွင့် လုပ်ကိုင်ခွင့်များ မပေးအပ်သင့်ဟု ထင်မြင်ယူဆမိပါသည်။



သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

Saturday, September 28, 2013

facebook ပေါ်မှ ဆုထူးပန်အား ကသာမြို့သားတစ်ဦးမှ ပေါက်ကွဲသံ ၊ အင်းတော်သတင်းလဲပါတယ်။

ဒီလောက်တောင် ကျက်သရေ မရှိတဲ့ ဆုထူးပန်ကို မောင်းထုတ်ဖို့ share ပေးကြပါစို့

နောက်ထပ်ပြောအုန်းမယ် ယနေ့ မော်လူး အနောက်ဖက်ထုံးထောင် ကျောက်စိမ်းတွင်းတွင်
သံတိုင်တိုဖြင့် အလုပ်လက်မဲ့များ ကျောက်စုတ်ကျောက်ပုတ်လေး တွေ့လိုတွေ့ငြား ရှာနေသော
သူများကို ဒေသခံအာဏာပိုင် အဖွဲ့များ နှင့် နောက်မတူးဖေါ်ရန် လက်မှတ်ထိုးခိုင်
ဟုတ်မဟုတ်တော့မသိသေးပါ ကသာခရိုင်ရဲမင်းကြီးကိုသာမေးလိုက်ပါတော့
ဟုတ်တယ်ဆိုရင်တော့ ဆုထူးပန် ကို နှင့်ထုတ်ကြပါစို့....
ဒေသခံများမှ ဆုထူးပန် မှ ဖာ.. အကြီးအကဲများကို မိသားစုအလိုက် မိသာစု
အဖမ်းမခံရအောင် ငိုယိုကာ တောင်းပန်လိုက်ရသည်ဟု သိလိုက်ရသည်..See More
ကသာမြို့ မင်္ဂလာရှိဖို့ ကသာမြို့ဝင်က ခရိုနီဆုထူးပန် ကို နှင်ထုတ်ကြစို့

ယခင်စစ်အစိုးရလက်ထက် အာဏာပိုင်များနှင့် ပူးပေါင်း ဘုန်းတော်ကြီးကျောင်းများကိုငွေလှူကာ

ရွာသားများ၏ ကြည်ညိုမှုကို ခံယူပြီး နောက်ကွယ်မှာ တရားမ၀င်လုပ်ငန်းတွေလုပ်တဲ့ ခရိုနီဆိုထူးပန်...


ကသာခရိုင်အတွင်း လမ်းတွေကို ပြင်မယ်ဆိုပြီး စကားကြီးစကားကျယ်များပြောတဲ့ ခရိုနီဆုထူးပန်

ကသာခရိုင်အတွင်မှာ လမ်းပြုပြင်ခြင်းကို အကြောင်းပြပြီး အစိုးရသစ်တက်ခါစက သစ်ခိုးထုတ်တဲ့
ခရိုနီဆုထူးပန်

ကျောက်ထုတ်မယ် အကြောင်းပြပြီး ရွှေမျှောတိုက်တဲ့ဆုထူးပန်

လမ်းပြင်မယ်ဆိုပြီး နဘားလမ်းခွဲမှ မြေနေယာများ ကသာမြို့အထွက်မြေနေယာများ အလကားသိမ်းတဲ့ ခရိုနီဆုထူးပန်

လမ်းပြင်မယ်ဆိုပြီး ဘက်ဟိုးများ ကိုဟန်ရေးပြကာ မော်လူးအနောက်ဘက် ထုံတောင်တွင်
သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ပေါင်းပြီး စက်ယန္တယားဘက်ဟိုးများဖြင့် ကျောက်ခိုးတူးတဲ့
ခရိုနီဆုထူးပန်


လည်ပင်ကဆွဲကြိုးကြီး ဟန်ရေးပြပြီး စော်ဝိုက်တဲ့ ခရိုနီဆုထူးပန် မုဆိုးမ ၀ိုက်တဲ့ .....


ခရိုနီဆုထူးပန်မှာ ကဲကောင်းတာဘာကျန်သေးလည်း... သေတ္တာတို့ ဖာတို့ဘဲကောင်းတာကျန်တော့
ဖာကောင်းဘဲကျန်မှာပေါ့

လမ်းပျက်၊ တံတားဖျက်၊ တောပြုန်း၊ မီးသွေးကုန်၊ မြေယာကွက်နေရာကောင်းအပိုင်စီး၊ ကျောက်စိမ်း
ခိုးထုတ်လို့ ၀ချိန်မှာ ဘာမှ မကျန်တော့..
ခေတ်ကလည်းပြောင်းပြီလေ ခိရိုနီ ဦးတေဇ တောင် သစ်ပင်ပြန်စိုက်မယ် လုပ်နေပြီ
ဆုထူးပန် က ကသာမြို့က မပြောင်းသေးဘူး


ဒီလောက်တောင် ကျက်သရေ မရှိတဲ့ ဆုထူးပန်ကို မောင်းထုတ်ဖို့ share ပေးကြပါစို့

နောက်ထပ်ပြောအုန်းမယ် ယနေ့ မော်လူး အနောက်ဖက်ထုံးထောင် ကျောက်စိမ်းတွင်းတွင်
သံတိုင်တိုဖြင့် အလုပ်လက်မဲ့များ ကျောက်စုတ်ကျောက်ပုတ်လေး တွေ့လိုတွေ့ငြား ရှာနေသော
သူများကို ဒေသခံအာဏာပိုင် အဖွဲ့များ နှင့် နောက်မတူးဖေါ်ရန် လက်မှတ်ထိုးခိုင်
ဟုတ်မဟုတ်တော့မသိသေးပါ ကသာခရိုင်ရဲမင်းကြီးကိုသာမေးလိုက်ပါတော့
ဟုတ်တယ်ဆိုရင်တော့ ဆုထူးပန် ကို နှင့်ထုတ်ကြပါစို့....


ဒေသခံများမှ ဆုထူးပန် မှ ဖာ.. အကြီးအကဲများကို မိသားစုအလိုက် မိသာစု
အဖမ်းမခံရအောင် ငိုယိုကာ တောင်းပန်လိုက်ရသည်ဟု သိလိုက်ရသည်.



အင်းတော်မြို့နယ် ၊ လယ်ပြင်ကျေးရွာတွင် ရွာလမ်းမကြီးကို သဲကျောက်များ စုပေါင်းဖို့

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်လယ်ပြင်ကျေးရွာအုပ်စုလယ်ပြင်ကျေးရွာတွင် ကျေးရွာအတွင်းရှိ နွားလှည်းများဖြင့် ရွာဟောင်းချောင်းအတွင်းရှိ သဲကျောက်များကို ကိုယ်ထူကိုယ်ထ စုပေါင်း တိုက်ကာ ရွာလမ်းမကြီးအား သဲကျောက်ခင်းသည့်လုပ်ငန်းများကို ၂၀၁၃-ခု ၊ စက်တင်ဘာလ ၂၉ ရက် နံနက် (၆)နာရီအချိန်မှ နံနက် (၁၀)နာရီအချိန်အထိ စုပေါင်းသဲကျောက်ခင်းခဲ့ကြကြောင်းသိရသည်။
          ..... ကျွန်တော်တို့က နှစ်စဉ်နှစ်တိုင်းပဲ ရှေးရိုးအစဉ်အလာတစ်ရပ်အနေနဲ့ ဖို့နေတာဖြစ်ပါတယ်။ ဒါကတော့ သတင်းကျွတ်လပိုင်း မရောက်ခင် ကြိုဖို့တဲ့သဘောဖြစ်ပါတယ်။ အခုလိုဖို့ရတာက ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာဓလေ့ ထုံးတမ်းအစဉ်အလာအရ အခါကြီးရက်ကြီးမှာ လူကြီးတွေက ဥပုသ်သီလ သီ တင်းဆောက်တည် ကြတယ် ။နောက်ပြီးတော့ အခါရက်မတိုင်ခင်ပဲ ဆွမ်းတော်ကြီးကပ်တာတို့ ၊ ဆွမ်းတော်ကြီးဆွဲတာတို့လုပ်ကြပါတယ်။အဲ့ဒီလိုလုပ်တဲ့အခါမှာ                  ကျေးရွာမှာရှိတဲ့လမ်းတွေ ကိုလည်း ရှေးအစဉ်အလာတစ်ရပ်အနေနဲ့     နှစ်စဉ်နှစ်တိုင်း ပြုပြင်ခဲ့တာက သီတင်းကျွတ်လ အခါရက် မတိုင်ခင်မှာ ကြိုလို့          ပြုပြင်ကြတာဖြစ်ပါတယ်။ အခုလို ကိုယ်ထူကိုယ်ထ စုပေါင်းပြီး နွားလှည်းတွေနဲ့ လမ်းတွေကို သဲကျောက်တွေ တိုက်ပြီးတော့ သဲဖို့ခြင်း ၊ သဲခင်းခြင်း လုပ်ရုံမကဘူး။ ကျွန်တော်တို့ရဲ့ ဗုဒ္ဒဘာသာဓလေ့ဖြစ်တဲ့အလျောက်ဘုန်းတော်ကြီးကျောင်းဝင်းမှာရှိတဲ့                  ပေါင်းမြက် ပင်တွေ ကိုလည်း နှစ်စဉ်နှစ်တိုင်း သွားရှင်းရမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဗုဒ္ဒဘာသာ ကိုးကွယ်တဲ့ လူတွေ အားလုံးအတွက် အထွပ်အထိပ်ထားတဲ့နေရာကို စနစ်တကျ ပြုပြင်ရတာပါ။ နောက်ပြီးတော့ ကျွန်တော်တို့ကျောင်းမှာရှိတဲ့ ဆရာတော်ကြီးကလည်း အခါကြီးရက်ကြီးမရောက်ခင် ရွာမှာရှိတဲ့ လမ်းတွေကို         ပြုပြင်ဖို့ရာဟာ နှစ်စဉ်နှစ်တိုင်း မိန့်ကြားလေ့ရှိပါတယ်..... ဟု အင်းတော်မြို့နယ် ၊ လယ်ပြင်ကျေး ရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးရုံးရွှေက ပြောပြခဲ့သည်။
          အဆိုပါ အင်းတော်မြို့နယ်အတွင်းရှိ လယ်ပြင်ကျေးရွာသည် အိမ်ခြေ (၆၀)ကျော်ခန့်ရှိပြီး   နွားလှည်းများမှာအစီးရေ(၅၀)၀န်းကျင်ခန့်ရှိသောကျေးရွာဖြစ်သည်။ ထိုကျေးရွာရှိ ဒေသခံများသည် ကိုယ်ထူကိုယ်ထဖြင့်မိမိတို့                                 ကျေးရွာအတွင်း ရှိသောရွာလမ်းမကြီးမှရွှံ့နွံအိုင်များ၊လမ်းချိုင့် များကို နွာလှည်ြး့ဖင့် ချောင်းအတွင်းတွင်ရှိသော သဲကျောက်များကိုစုပေါင်းတိုက်ကာတစ်ပျော်တစ်ပါးလမ်းခင်းခဲ့ကြကြောင်းသိရသည်။ထိုသို့လမ်းခင်းရသည့်အကြောင်းအရာများမှာ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်တဲ့ သီတင်းကျွတ်လ အခါကြီးရက်မရောက်ခင် ကြိုခင်း ရသည့် ဓလေ့ဖြစ်ကြောင်းသိရသည်။ယင်းသို့ဆောင်ရွက်ရသော ဓလေ့သည် မိမိတို့ကျေးရွာအတွင်း လမ်းပန်း ဆက်သွယ်ရေးများ                     ကောင်းမွန်လာမည့်အပြင် ကျေးရွာအတွင်းမှာရှိတဲ့ ကျန်းမာရေး အတွက်လည်း အထောက်အကူပြုရာရောက်ကြောင်း သိရသည်။
                                                                                      လေပွေနီ (အင်းတော်)

ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းဝေးစေရေး ပြုတ်ထွက်နေသည့် သံလမ်းဆက်မူလီများ ပြုပြင်ဆောင်ရွက်ပြီး

မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့နယ် ၊ အင်းတော်ဘူတာနှင့် ဆည်ရွာဘူတာကြား မိုင်တိုင်အမှတ် ၅၈၂/၁၅ ၊ တံတားအမှတ် ၄၂၈ ၊ နန်းကင်ကျေးရွာအနီး နန်းကင်ချောင်းကူး တံတား သံလမ်းရေပေါက်မှ ဇလီဖားတုံးများ ၊ ၁၃ တုံးသာ ကွာဝေးသော နေရာတွင် စက်တင်ဘာ (၂၄)ရက် ညနေပိုင်းက သံလမ်းဆက်မူလီများ ပြုတ်ထွက်နေသဖြင့် မြန်မာ့အလင်းသတင်းစာတွင် စက်တင်ဘာ(၂၆)ရက်နေ့က ဓာတ်ပုံနှင့်ထည့်သွင်းဖေါ်ပြခဲ့ပါသည်။
          ထို့ကြောင့် သတင်းပါရှိသည့်ရက် ညနေပိုင်းတွင် ပြုတ်ထွက်နေသည့် သံလမ်းဆက်မူလီများကို ပြုပြင် တပ်ဆင်ပြီးသည်ကို တွေ့ရကြောင်း အင်းတော်မြို့မှ နန်းကင်ချောင်းကူးတံတား ရေပေါက်အထိ နေ့စဉ် လမ်းလျှောက်သူတစ်ဦးက ပြောပြသည်။
          ....... ဒီလိုမှမပြုပြင်ခဲ့ရင် ရထားတွေအနေနဲ့ အဆန်ရထားများထက် အစုန်ရထားများက ပိုပြီး အန္တရာယ် ပိုများပါတယ်။ ဘာလို့လဲဆိုတော့ အစုန်ရထားတွေက အင်းတော်ဘူတာကထွက်ပြီး သံလမ်းဆက် မူလီများ ပြုတ်ထွက်နေတဲ့နေရာရောက်ရင် ရထားက အရှိန်မြင့်ပြီး မောင်းနေပြီလေ။ ဒီတော့ နန်းကင်ချောင်းကူးတံတားနဲ့ လည်း သိပ်နီးတော့ ရထားဘီးချော်ကျတာများဖြစ်လိုက်ရင် မတွေးဝံ့စရာပါဗျာ။ ဒါကြောင့် မြန်မာ့မီးရထားနဲ့ ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် သတင်းရေးသားပေးပို့တဲ့ သတင်းထောက်နဲ့ ပြည်သူများအကျိုးအတွက် အချိန်နဲ့တစ်ပြေးညီ ဖေါ်ပြပေးတဲ့ သတင်းစာတိုက် စာတည်းအဖွဲ့ဝင်များ အားလုံးကို
ကျေးဇူးတင်ရှိပါတယ် ...... ဟု ပြောပြသည်။
ဦးကိုမင်း (သတင်းထောက်)  မြန်မာ့အလင်းနှင့်ကြေးမုံသို့ ပေးပို့သော သတင်းမှ ကောက်နှုတ်ဖေါ်ပြပါသည်။

အင်းတော် မော်လူး ကားလမ်းသတင် နှင့် skynet uptodate

အင်းတော် မော်လူ လမ်းပိုင်း  လမ်းဆိုးသွမ်းနေမှု skynet uptodate channel မှ ကြော်ငြာသွား
ဘယ် ကုမ္ပဏီ ကြောင့်ပျက်တယ်ဆိုတာတော့ အပိုမပြောတော့ဘူး  တစ်နိုင်ငံလုံးသိသွားပြီ

ကသာ သားတစ်ဦး ဆုထူးပန် ကို

အင်တာနက် facebook စာမျက်နှာ တစ်ခုမှာ ဆုထူးပန်ကိုနင်ထုတ်သည့် သတင်းပြန့် နေပါသည် သတင်း မှန် မမှန် ဖတ်ကြည့် ကြပါအုန်း မှန်ရင်တော့လာမည်

Friday, September 27, 2013

အိမ်ထောင်စု စာရင်းအသစ်လုပ်မယ်ဆိုရင် သတိထားဖို့လိုအပ်



ကျွန်တော်မနေ့က အိမ်ထောင်စုစာရင်း အသစ် အင်းတော်(လ.၀က)ရုံးမှာ သွားလုပ်တယ်ဗျာ --အရင်ဆုံးမေးတာက ရန်ပုံငွေဘယ်လောက်ထည့်မှာလဲတဲ့---ဘာလုပ်ဖို့ ရန်ပုံငွေလိုတာလဲတော့ ကျွန်တော်မမေးတော့ပါဘူး-- ဒါပေမယ့် ကျွန်တော် ရုံးရန်ပုံငွေဆိုတော့လည်း (3000)ထည့်ပေးမယ်ပေါ့--(5000)လောက်ထည့်ပါတဲ့။ ကျွန်တော် မထည့်နိုင်ဘူးလို့ ငြင်းလိုက်ပါတယ်။ 3000 တော့ထည့်မယ်ပေါ့ဗျာ-
အဲဒီအချိန်မှာပဲ ကျွန်တော့ကို ဖောင်ဖြည့်ခိုင်းတော့ ဖောင်ကို(1000)နဲ့ ရောင်းတယ်။ ကျွန်တော်အံသြစွာနဲ့ နံရံတွေမှာ ကပ်ထားတဲ့ဗွီနိုင်းတွေကို သေချာဖတ်တာပေါ့ ။ အိမ်ထောင်စု စာရင်းတွေ နေ့ချင်းအခမဲ့လုပ်ပေးသည်တဲ့။ ဒါနဲ့ဖောင်တွေဖြည့် လိုအပ်တာတွေ အကုန်ပြီးတော့ ကျွန်တော်က ရန်ပုံငွေဆိုတဲ့ခေါင်းစဉ်အတွက် 2000 ပေးလိုက်တယ်
3000 ပြောထားတာ ဘာဖြစ်လို့ 2000 ပဲထည့်တာလဲတဲ့ ကျွန်တော်ပြောလိုက်ပါတယ် အခမဲ့လုပ်ပေးသည်ဆိုတဲ့နေရာမှာ ဖောင်ကို 1000 ရောင်းလိုက်တာကြောင့် ကျွန်တော် 3000 ထည့်ဖို့ပြောထားတဲ့အတိုင်းပါပဲလို့။ အဲဒါနဲ့ ကျွန်တော်အံ့သြရပြန်တာက အဆင်မပြေရင်လည်းမထည့်ပါနဲ့တော့တဲ့
အဲ--ပြောလိုက်ပါသေးတယ် ဖောင်ဖိုးလည်းပြန်ယူသွားလို့ရတယ်တဲ့
ကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောပြီး ပြန်လာခဲ့ပါတယ်။ တကယ်တော့ အစကတည်းက ကျွန်တော် သူတို့ပြောတဲ့ ရန်ပုံငွေဆိုတာကို ပေးရမှာ ကြောက်တယ်ဗျ၊ သူတို့ဝန်ထမ်းတွေတာမကြောက်တာ
အခု လာဒ်ပေးလာဒ်ယူ ဥပဒေကို ၀န်ထမ်းတွေ မဖတ်ကြသေးဘူးထင်တယ်နော် ----

အင်းတော်မြို့ရဲ့ ဖုန်းခွဲဝေသတင်း

·         ယနေ့ထွေအုပ်ရုံးသွားပြီးအင်းတော်မြို့ရဲ့Phခွဲတမ်းသွားမေးတယ်။ဇယားကြီးကိုcoppyကူးခဲ့တယ်။ဝန်ထမ်းခွဲတမ်းများတယ်။မသိတဲ့ဌာနတွေတောင်ပါသေး။ဝန်ထမ်းတွေတာဝန်တာမကျေတာအခွင့်အရေးတော့အကျေယူတာပဲ။ဒီလိုစိတ်ဓာတ်နဲ့တော့:-)
(ချမ်းအောင် FB မှ)


အာစရိယပူဇော်ပွဲ နှိုးဆော်လွှာ

အင်းတော်မြို့ ၊ အ-ထ-က အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ဘူးသော ကျောင်းသူ/ကျောင်းသားများ (မည်သူမဆို) (၄-၁၀-၂၀၁၃) ၊ တော်သလင်းလကွယ် (ဥပုသ်နေ့) ရက်နေ့တွင် အာစရိယပူဇော်ပွဲကျင်းပနိုင်ရန် ကြိုတင်ညှိုနှိုင်းအစည်း
အဝေးပွဲသို့ ကြွရောက်ပေးကြပါရန် လေးစားစွာ နှိုးဆော်အပ်ပါသည်။
အချိန် - နေ့လည် (၁း၀၀)နာရီ
နေရာ - ရွှေရတုခန်းမ

မန်လည်မြို့ဟောင်းတွင် နှစ်ပေါင်း(၂၀၀)၀န်းကျင်က ရှေးဟောင်းဘီရိုတစ်လုံး ကျောင်းကြီးပေါ်တွင် ဆက်လက်ထိန်းသိမ်းထား

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်အတွင်းရှိ
အင်းတော်မြို့နှင့် (၈)မိုင်ခန့် အကွာ အဝေးရှိသော မန်လည်တောင်ရပ်
ဘုန်းတော်ကြီးကျောင်းတွင် ရှေးနှစ်ပေါင်းနှစ်ရာဝန်းကျင်က ရှေးဟောင်ဘီရို
ကြီး တစ်လုံးကို ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။
        ....... ဒါကတော့ ရှေးဟောင်း ဘီရိုကြီးတစ်လုံးဖြစ်ပါတယ်။ ဒီဘီရိုကတော့
နှစ်ပေါင်း (၂၀၀)၀န်းကျင် လောက်တော့
စနစ်တကျ မချို့ယွင်းမပျက်စီးအောင် ဆက်လက်ထိန်းသိမ်း ထားတာပါ။ဒီဘီရိုက
မကာရလောပအကျော် ပထမမန်လည်ဆရာတော်ဘုရားကြီးဖြစ်
ရှိတော့မှာပါ။ ဦးဇင်းက ဒီဘီရိုကို
တဲ့ ဦးဇ၀န လက်ထက်က
မန်လည်မြို့ပေါ်ပေါက်ချိန်မှာ မန်လည်မြို့ရဲ့ ဒုတိယမြို့ဝန် ဦးပုက
လှူဒါန်းထားတဲ့ ဘီရိုကြီးပါ။ ဒီဘီရိုကတော့ ပထမမန်လည်ဆရာတော်ဘုရားကြီး
လက်ထက်မှာ ရှေးပေစာတွေ ၊ ရှေးပရပိုက်တွေ သိုလှောင်ပြီးမှ ထားတဲ့ ဘီရို
ဖြစ်တယ်။ အခုလို ရှေးဟောင်းပစ္စည်းတွေကို မပျောက်မပျက်အောင် ဦးဇင်းအနေနဲ့
ထိန်းသိမ်းရတာကတော့ ပထမ မန်လည်ဆရာတော်ဘုရားကြီးဖြစ်တဲ့ မကာရလောပအကျော်
ဆရာတော်ကြီးကို ကျေးဇူးဆပ်တဲ့ အနေနဲ့လည်း ထိန်းသိမ်းထားတာဖြစ်သလို
နောင်လာနောက်သားများအတွက် မန်လည်ဒေသက ပြည်သူတွေလည်း နောင်တစ်ချိန်မှာ
မန်လည်ရဲ့သမိုင်းတွေကို မပျောက်ကွယ်သွားအောင် စောင့်တာလည်း တစ်ကြောင်းပါ။
နောက်ပြီးတော့ မိမိတို့ဘာသာ သာသနာအတွက်လည်း စောင့်ရှောက်ရာရောက်ပါတယ်
....... ဟု အင်းတော်မြို့နယ် မန်လည်တောင်ရပ်
ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် ဖြစ်သည့် ဆဌမမြောက် ဆရာတော် ဦးဝိမလက
မိန့်ကြားခဲ့သည်။
        အင်းတော်မြို့နှင့် (၈)မိုင်အကွာအဝေးသောရှိသော
ယခင်မန်လည်မြို့ဟောင်းဖြစ်သည့် ယခု မန်လည် ကျေးရွာသည်
မဲဇာမြစ်အနီးတွင်တည်ရှိပြီး မန်လည်ဒေသမှ ပြည်သူများမှာ
တောင်သူလယ်သမားများ လုပ်ကိုင် ကြသလို မိရိုးဖလာဖြစ်သည့် ယင်းဒေသ၏
ဗုဒ္ဓဘာသာဝင်များသာ နေထိုင်သော ကျေးရွာကြီးများဖြစ်ကြသည်။ ယခင်က
မြို့ဖြစ်ခဲ့သော်လည်း ယခုအခါတွင် မန်လည်တောင်ရပ် ၊မန်လည်မြောက်ရပ် ၊
မန်လည်ရွာသစ်ကုန်း ၊ ၀ါးဖြူတောင်ရွာဟု ကဗျည်းအမည်နာမတပ်ကာ နေထိုင်ကြသော
ကျေးရွာကြီးများဖြစ်ကြသည်။ ထိုကျေးရွာကြီးများ ရှိသည့်အနက် ယခင်က
မကာရလောပအကျော် ပထမမန်လည်ဆရာတော်ဘုရာကြီး သီတင်း သုံးနေထိုင်သွားသော
ကျောင်းတော်ကြီးတွင် ရှေးဟောင်းအမွေအနှစ်ဖြစ်သည့်
နှစ်ပေါင်းနှစ်ရာဝန်းကျင်ခန့် ဘီရိုကြီးတစ်လုံးကို ယခုထိတိုင်
ကောင်းမွန်စွာ စောင့်ရှောက် ထိန်းသိမ်းထားကြောင်း သိရသည်။
                                                                လေပွေနီ(အင်းတော်)

Thursday, September 26, 2013

အင်းတော်သားတွေအတွက် သတင်းတွေလာတော့မယ်နော်

အင်းတော်မြို့နယ် သတင်းထူး လေးပါ

ဒီမှာ         လက်နဲ့တို့ရင် ပေါ်ခဲ့လိမ့်

Tuesday, September 3, 2013

အင်းတော်မြို့ သူမြို့သားများအတွက် သတင်းကောင်း

အင်းတော်မြို့နယ်အတွင်းမှ

သတင်း များကို

အချိန်နှင့် တပြေးညီ သိရှိနိုင်ရန်

ကြိုးစားသွားပါမည်။